back

ဂျပန်က စူပါမားကတ်တွေမှာ ဆန်ဈေးနှုန်း ၁၅ ပတ်ဆက်တိုက် မြင့်တက်

Apr 25 • 4:06 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဂျပန်က စူပါမားကတ်တွေမှာ ဆန်ဈေးနှုန်း ၁၅ ပတ်ဆက်တိုက် မြင့်တက်

ဂျပန်နိုင်ငံတစ်ဝန်းက စူပါမားကတ်တွေမှာ ဆန်ဈေးတွေ ဆက်တက်နေပါတယ်။ ဖြန့်ဖြူးရေးတည်ငြိမ်စေဖို့အတွက် အစိုးရက နိုင်ငံရဲ့ သိုလှောင်ထားတဲ့ အရန်ဆန်တွေကို ထုတ်ရောင်းခဲ့ပေမ...

ဂျပန်နိုင်ငံတစ်ဝန်းက စူပါမားကတ်တွေမှာ ဆန်ဈေးတွေ ဆက်တက်နေပါတယ်။ ဖြန့်ဖြူးရေးတည်ငြိမ်စေဖို့အတွက် အစိုးရက နိုင်ငံရဲ့ သိုလှောင်ထားတဲ့ အရန်ဆန်တွေကို ထုတ်ရောင်းခဲ့ပေမဲ့ လက်လီစျေးနှုန်းဟာ ၁၅ ပတ်ဆက်တိုက် မြင့်တက်လာခဲ့ပါတယ်။ ဧပြီလ ၁၃ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဆန် ၅ ကီလိုဂရမ် အိတ်တစ်အိတ်ရဲ့ ပျမ်းမျှဈေးနှုန်းဟာ ၄,၂၁၇ ယန်း တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၀ လောက် ရှိတယ်လို့ စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောပါတယ်။ ဒါဟာ တစ်နိုင်ငံလုံးက စူပါမားကတ်ပေါင်း ၁,၀၀၀ လောက်အပေါ် ကောက်ယူးထားတဲ့ စစ်တမ်းအပေါ် အခြေခံထားတာဖြစ်သည်။



news-view-count-icon

22