ဂျပန်ဝန်ကြီးချုပ် Ishiba Shigeru ဟာ ဓာတ်ဆီဈေးနှုန်းကို ပုံသေ လျှော့ချမယ်လို့ ကြေညာလိုက်ပါတယ်။ ဓာတ်ဆီဈေးနှုန်းဟာ မေလကစပြီး တစ်လီတာကို ဂျပန်ယန်းငွေ ၁၀ ယန်း တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၀.၀၇ ဒေါ်လာလောက် လျှော့ချမှာ ဖြစ်ပါတယ်။ ဒီဇယ်ဆီ တစ်လီတာကို ၁၀ ယန်း၊ စက်သုံးဆီနဲ့ ရေနံဆီ တစ်လီတာကို ၅ ယန်းနဲ့ လေယာဉ်ဆီ တစ်လီတာကို ၄ ယန်း စီလျှော့ချမယ်လို့ မစ္စတာ Ishiba က ပြောပါတယ်။ အခုလို စျေးနှုန်းလျှော့ချမှုတွေဟာ မေလ ၂၂ ရက်နေ့မှာ စတင် အသက်ဝင်မှာ ဖြစ်ပါသည်။



