OnePlus တွေက flagship killer ဂုဏ်ပုဒ်ကို OnePlus 13T နဲ့ ဆက်ထိန်းသွားပါတယ်။ Snapdragon 8 Elite လို flagship SoC လည်း ပါမယ်။ ဖုန်းအရွယ်အစားနဲ့ မလိုက်အောင် ကြီးတဲ့ 6260 mAh ဘက်ထရီလည်း သုံးထားပြီး ၃၃၉၉ ယွမ်ဈေးကနေ စပါသည်။ ကျောဘက် ကင်မရာဒီဇိုင်းက Xiaomi 11 နဲ့ ဆင်ပြီး ကင်မရာ island က ထောင့်လုံးစတုရန်းပုံနဲ့ လာပါတယ်။ ကွန်ရက်ချိတ်ဆက်ဖို့ G1 Wi-FI chip ၊ 360 degree ပတ်လည် အန်တနာစနစ် တွေနဲ့ လာပြီး signal ဖမ်းယူမှု ၅၀% လိုင်းပိုကောင်းမယ်လို့ ပြောပါတယ်။ မီးခိုး ၊ ပန်းရောင် နဲ့ အနက် သုံးရောင်နဲ့ လာပြီး Android 15 ပေါ် အခြေခံတဲ့ ColorOS 15 နဲ့ ထွက်ထားကြောင်း သိရသည်။



