Robotaxi လို့ ခေါ်တဲ့ စတီယာရင်မပါ ၊ ဘရိတ်ကလပ်မပါတဲ့ အလိုအလျောက်မောင်းနှင်မှုစနစ်သုံး အငှားယာဉ်တွေက အနာဂါတ်လို့ အီလွန်မတ်စ်က ယုံကြည်ထားလို့ပါ။ Cybercab က Model Y အလွန် Tesla ရဲ့ killer product ဖြစ်ဖို့ ရှိပါတယ်။ Cybercab ပြီးရင်တော့ Optimus စက်ရုပ်တွေ ဖြစ်မှာပါ။ အခုတော့ robotaxi ရှေ့ပြေးအနေနဲ့ ဆန်ဖရန်စစ္စကို Bay Area နဲ့ အော်စတင်မှာ Tesla က အစမ်းပြေးနေပါပြီ။ Tesla app ကနေ ကားငှားနိုင်မယ့် ဒီအစမ်းပြေးဆွဲမှုကိုတော့ ဝန်ထမ်းတွေနဲ့ပဲ စမ်းသပ်ထားတာပါ။ လောလောဆယ် ဒီ Robotaxi က ခရီးစဉ်ပေါင်း ၁၅၀၀ ကျော် နဲ့ မိုင်ပေါင်း ၁၅၀၀၀ ပြေးဆွဲထားပြီလို့ ပြောပါတယ်။Tesla တက္ကစီတွေမှာ အခုသုံးနေတဲ့ ဆော့ဖ်ဝဲလ်က Full Self-Driving (Supervised) ဖြစ်လို့ ယာဉ်မောင်းနေရာမှာ လူက စောင့်ကြည့်လိုက်ပါနိုင်ကြောင်း သိရသည်။



