ဧပြီလ ၂၅ ရက် ယနေ့ ညနေခင်းမြန်မာစံတော်ချိန် ၆:၁၄ နာရီအချိန်က တောင်အမေရိကတိုက် အီကွေဒေါနိုင်ငံမြောက်ကကမ်းရိုးတန်းအနီး၊ ပင်လယ်ကြမ်းပြင်အောက်အနက် ၂၂ မိုင်မှ မဂ္ဂနီကျု ၆.၃ အဆင့်အားပြင်းမြေငလျင် ဒေသစံတော်ချိန် မနက် ၆:၄၈ နာရီအချိန်ခန့်က လှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါသည်။ အင်အားပြင်း ငလျင် M6.3 မှ အီကွေဒေါအတွက် ဆူနာမီသတိပေးချက် မရှိသော်လည်း နောက်ဆက်တွဲ လှုပ်ခတ်မှုများ ဖြစ်လာနိုင်သည်။



