နေပြည်တော်ရှိ မြို့နယ် (၈)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၅၉ ဆိုင်နှင့် ဂိုထောင် တစ်လုံး၊ ရန်ကုန်တိုင်းရှိ မြို့နယ် (၃၄)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၈၇ ဆိုင်နှင့် ပြည်ပမှ ဘိလပ်မြေတင်သွင်းရောင်းချသည့် ကုမ္ပဏီ သုံးခု၊ မန္တလေးတိုင်းရှိ မြို့နယ် (၁၁)မြို့နယ်မှ ဆောက်လုပ်ရေးသုံးပစ္စည်းဆိုင် ၈၈ ဆိုင်တို့ကို တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့မှ စစ်ဆေးခဲ့ကြသည်။ထိုသို့ စစ်ဆေးရာတွင် ဝယ်ရင်းဈေးထက် အမြတ် ရာခိုင်နှုန်း ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိအမြတ်ယူရောင်းချလျက်ရှိသည့် ဆိုင် ၃၀ နှင့် ဝယ်ရင်းဈေးထက် အမြတ်ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်းနှင့်အထက် အမြတ်ယူရောင်းချလျက်ရှိသော ၃၂ ဆိုင်တို့ကို ဥပဒေအရ အရေးယူရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။



