back

ငလျင်ဘေးကြောင့် ၁ လ ခန့် ရပ်နားထားတဲ့ Myanmar Star Grand Final Second round ပြန်လည်ကျင်းပ

Apr 25 • 3:41 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ငလျင်ဘေးကြောင့် ၁ လ ခန့် ရပ်နားထားတဲ့ Myanmar Star Grand Final Second round ပြန်လည်ကျင်းပ

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြောင့် ချင်းလူငယ် Ephraim Kyaw Oo နှင့် Hoihpi တို့ပါဝင်ယှဉ်ပြိုင်နေတဲ့Myanmar Star သီချင်းဆိုပြိုင်ပွဲ ၁ လ ခန့် အစီအစဉ် ရပ...

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဘေးကြောင့် ချင်းလူငယ် Ephraim Kyaw Oo နှင့် Hoihpi တို့ပါဝင်ယှဉ်ပြိုင်နေတဲ့Myanmar Star သီချင်းဆိုပြိုင်ပွဲ ၁ လ ခန့် အစီအစဉ် ရပ်နားခဲ့ရကာ မနေ့ ဧပြီ၂၄ ရက်နေ့က စပြီးMyanmar Star ပြိုင်ပွဲ Final Second Round Performance (ဒုတိယ အကြိမ် အလှည့်ကျ ဖျော်ဖြေမှု ) ကို Popular Song Week အမည် ဖြင့် ပြန်လည် ကျင်းပ လာခဲ့ကြောင်း တိုက်ရိုက် ထုတ်

လွင့်မှုများအရ သိရပါတယ်။ ငလျင်ဘေး မတိုင်ခင် Myanmar Star မှ နောက်ဆုံး ပြုလုပ်ဖြစ်တဲ့ Final First round performance ကို English Song Week အဖြစ် မတ်လ ၂၀ ရက်နေ့တွင် ကျင်းပ ဖျော်ဖြေ ယှဉ်ပြိုင် သွားခဲ့ပါတယ်။ ဆုကြေးငွေ အဖြစ် Winner ကို မြန်မာငွေကျပ် သိန်းတစ်ထောင်၊ First Runner Up ကို သိန်းလေးရာ နှင့် Second Runner Up ကို သိန်း တစ်ရာ အသီးသီး ချီးမြှင့် သွားမယ်လို့လည်း Myanmar Star ရဲ့ ကြေငြာချက် အရ သိရှိရပါတယ်။


news-view-count-icon

19