စစ်ကိုင်းငလျင်ဒဏ်သင့် အိမ်ထောင်စု (၁၈၆) စုစာအတွက် တစ်အိမ်ထောင်စုလျှင် ဆန် (၅) ပြည်နှုန်းဖြင့် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်က ထုတ်ပြန်ပါတယ်။အဆိုပါအလှူကို ကွန်ရက်မှတဆင့် "Young Wings" မှ ချိတ်ဆက်လှူဒါန်းပေးခဲ့ခြင်းဖြစ်ပြီးငလျင်ဒဏ်သင့်ဒေသများအတွက် သီးခြားအလှူပစ္စည်းများ ဆက်လက်လှူဒါန်းနိုင်ရေးအတွက်လည်း စဉ်ဆက်မပြတ် ကြိုးပမ်းနေတာဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။



