back

ဗဟိုဘဏ်က ကန်ဒေါ်လာ သန်း ၁၁၀ ရောင်းပေးမည်ဟုဆိုသော်လည်း စက်သုံးဆီဈေး ချက်ချင်းပြန်တက်

Apr 25 • 3:38 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဗဟိုဘဏ်က ကန်ဒေါ်လာ သန်း ၁၁၀ ရောင်းပေးမည်ဟုဆိုသော်လည်း စက်သုံးဆီဈေး ချက်ချင်းပြန်တက်

ဗဟိုဘဏ်က ယခုဧပြီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များထံ သုံးကြိမ်ခွဲ၍ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ရောင်းချပေးမည်ဟုထုတ်ပြန်ထားသော်လည်း စက်သုံးဆီဈေးမှာ ခေတ္တသာကျပြီး ရက်ပ...

ဗဟိုဘဏ်က ယခုဧပြီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များထံ သုံးကြိမ်ခွဲ၍ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ရောင်းချပေးမည်ဟုထုတ်ပြန်ထားသော်လည်း စက်သုံးဆီဈေးမှာ ခေတ္တသာကျပြီး ရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။မြန်မာ့စက်သုံးဆီဈေးကွက်နှင့်တိုက်ရိုက်ဆက်စပ်မှုရှိသည့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာလည်း ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ကထက် တစ်စည်လျှင် အမေရိကန် ၂ ဒေါ်လာခန့် ထပ်မံကျဆင်းလာကြောင်း သိရသည်။ရန်ကုန်မြို့ရှိ စက်သုံးဆီဈေးကွက်အတွင်း ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့က အောက်တိန်း 92 နှင့် 95 တစ်လီတာလျှင် ၃၁၀ ကျပ်စီ၊ ဒီဇင်တစ်လီတာလျှင် ၂၀၀ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၂၄၀ ကျပ်သို့ ထိုးကျခဲ့ရာမှ ယနေ့တွင် အောက်တိန်း 92 နှင့် 95 တစ်လီတာလျှင် ၆၅ ကျပ်စီ၊ ဒီဇယ်တစ်လီတာလျှင် ၄၅ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၅၀ ကျပ်သို့ မြင့်တက်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စက်သုံးဆိုင်များက နေ့စဉ်ကြေညာသည့်ဈေးနှုန်းများအရ သိရသည်။ 


news-view-count-icon

18