back

အွန်နရီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် လိုက်ပ်ဇစ်အသင်း ဆွေးနွေးနေ

Apr 25 • 3:51 PM

breaking-news

မြန်မာ

ပြည်ပ

cover

အွန်နရီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် လိုက်ပ်ဇစ်အသင်း ဆွေးနွေးနေ

 ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းသည် အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဆွေးနွေးနေကြောင်း သိရသည်။ လိုက်ပ်ဇစ်အသင်းသည် ပြီးခဲ့သည့် မတ်...


 ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းသည် အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဆွေးနွေးနေကြောင်း သိရသည်။ လိုက်ပ်ဇစ်အသင်းသည် ပြီးခဲ့သည့် မတ်လအတွင်း နည်းပြ မာကိုရို့စ်ကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး လက်ရှိအချိန်တွင် ဆော့တ်လိုးကို ယာယီနည်းပြအဖြစ် ခန့်အပ်ထားသည်။ ၎င်းတို့သည် အွန်နရီကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် မျက်စိကျနေသည့်အတွက် ဆွေးနွေးမှုပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။ အွန်နရီ(၄၇ နှစ်)သည် ပြင်သစ်အိုလံပစ်အသင်းကို ကိုင်တွယ်ပြီးနောက်ပိုင်း နည်းပြလောကနှင့် ကင်းကွာနေသူဖြစ်သည်။


news-view-count-icon

17