back

လားရှိုးမှာ မင်္ဂလာဆောင်ဓာတ်ပုံလာရိုက်တဲ့ လင်မယား ၂ဦး ဓားပြတိုက်ခံရ၊ ကား၁စီးနဲ့ ငွေ သိန်း ၁၀၀ကျော်ပါသွား

Apr 25 • 12:11 PM

breaking-news

မြန်မာ

ရှမ်း

cover

လားရှိုးမှာ မင်္ဂလာဆောင်ဓာတ်ပုံလာရိုက်တဲ့ လင်မယား ၂ဦး ဓားပြတိုက်ခံရ၊ ကား၁စီးနဲ့ ငွေ သိန်း ၁၀၀ကျော်ပါသွား

မနေ့ ဧပြီ ၂၄ ရက် ည ၆နာရီအကျော်မှာ ရှမ်းမြောက် လားရှိုးမြို့မှာ လင်မယားနှစ်ဦးက မင်္ဂလာဆောင်ဓာတ်ပုံ လာရိုက်ရင်း ဓားပြတိုက်ခံခဲ့ရပြီး ဖြစ်စဉ်မှာလားရှိုးမြို့မှာရှိ...

မနေ့ ဧပြီ ၂၄ ရက် ည ၆နာရီအကျော်မှာ ရှမ်းမြောက် လားရှိုးမြို့မှာ လင်မယားနှစ်ဦးက မင်္ဂလာဆောင်ဓာတ်ပုံ လာရိုက်ရင်း ဓားပြတိုက်ခံခဲ့ရပြီး ဖြစ်စဉ်မှာလားရှိုးမြို့မှာရှိတဲ့ ဟွာလီဓာတ်ပုံဆိုင်တခုမှာ အမျိုးသားသုံးဦးက ပစ္စတို‌ သေနတ် ကိုင်ဆောင်ထားပြီး မင်္ဂလာဆောင်မယ့် အမျိုးသမီးရဲ့ ခေါင်းကို သေနတ်နဲ့ ထောက်ပြီး ဓားပြတိုက်ခဲ့ကြတယ်လို့ သိရပါသည်။ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်ကလည်း လားရှိုးမြို့ ပါရမီလမ်းသွယ် ထင်းရှူးမြိုင်သို့ သွားတဲ့လမ်းမှာ အမျိုးသမီးငယ်တစ်ဦး စာသင်ပြီး အပြန်လမ်းမှာလည်း ဓားပြတိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။



news-view-count-icon

22