back

နေပြည်တော် နေရာအချို့တွင် သုံးရက်ကြာဓာတ်အား ပြတ်တောက်မည်

Apr 25 • 12:15 PM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော် နေရာအချို့တွင် သုံးရက်ကြာဓာတ်အား ပြတ်တောက်မည်

နေပြည်တော်ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းမှ နေရာများတွင် ဧပြီ ၂၆ ရက်မှ စတင်ကာ ဧပြီ ၂၈ ရက်အထိ သုံးရက်အကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ဇ...

နေပြည်တော်ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းမှ နေရာများတွင် ဧပြီ ၂၆ ရက်မှ စတင်ကာ ဧပြီ ၂၈ ရက်အထိ သုံးရက်အကြာ လျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ကြေညာထားချက်အရ သိရသည်။အဆိုပါ ဇမ္ဗူသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့တွင် ၂၃၀ကေဗွီ ပျဥ်းမနား - နေပြည်တော်ပင်မ(၁) မဟာဓာတ်အားလိုင်း လိုင်းအူကြောင်းပြောင်းရွေ့တည်ဆောက်ခြင်း (Diversion) လုပ်ငန်း၊ ဓာတ်အားလိုင်းကြိုးအသစ်ဆွဲသားခြင်းလုပ်ငန်းများ ဆောက်ရွက်မည်ဖြစ်သည့်အတွက် ၂၆ ရက်မှ ၂၈ ရက်အထိ ကာလအတွင်းတွင် နံနက် ၆ နာရီမှ ညနေ ၃ နာရီအထိ ရှစ်နာရီအကြာ ဆက်တိုက် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုကိုကြုံရမည်ဖြစ်သည်။ထိုဓာတ်အားပြတ်တောက်မှုကြုံမည့်နေရာများမှာ သာယာကုန်း ဖီဒါမှပိုလွှတ်နေသော ရေပန်းဥယျာဉ်၊ ရွှေကြာပင်ရပ်ကွက်၊ အောင်ဇမ္ဗူနယ်မြေ ၁ မှ ၈ အထိ၊ အထက-၂၂၊ စည်ပင်ဧည့်ရိပ်သာ-၁ ၊ ၂၊ ရွှေကြာပင်ရပ်ကွက်၊ ရွှေကြာပင်အားကစားကွင်း၊ ဇမ္ဗူသီရိဆေးရုံ၊ Grand ACE Villa ၊ အထက-၁၄၊ ရှားတော၊ ဂုန်မင်းအင်း၊ တဲကြီးကုန်းတို့ဖြစ်ကြောင်းလည်း သိရသည်။



news-view-count-icon

29