မွန်ပြည်နယ်၊ သံဖြုဇရပ်မြို့နယ်၊ သံဖြူဇရပ်-ရေးကားလမ်းပိုင်၊ စခန်းကြီးကျေးရွာရှိ ရော်ဘာခြံတစ်ခြံတွင် ဓားထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသည့် ဆိုင်ကယ်အငှားမောင်းသည့် အသက် ၆၄ နှစ်အရွယ် ဦးစံသိန်းဆိုသူကို လမ်းသွားလမ်းလာတို့က ဧပြီလ ၂၃ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ဦးစံသိန်းသတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး မိသားစုဝင်တို့က သံဖြုဇရပ်မြို့မရဲစခန်းတွင် သွားရောက်တိုင်ကြားခဲ့သော်လည်း တရားခံကို ယနေ့ထိ ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။



