ဂျပန်နိုင်ငံက အသံနှုန်းလွန်ဒုံးကျည်များကို ကြားဖြတ်ပစ်ချနိုင်ရေးအတွက် ရည်ရွယ်၍ အဆင့်မြှင့်တင် ထုတ်လုပ်ထားသည့် လျှပ်စစ်သံလိုက်လှိုင်းသုံး Rail Gun ကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက စစ်ရေယာဉ်တစ်စင်းပေါ် တင်ဆောင်ထားသည့် Rail Gun ၏ဓာတ်ပုံကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။ ထို့နောက် လေ့လာသူများက ဂျပန်နိုင်ငံသည် လေကြောင်းရန်ကာကွယ်ရေးအတွက် အဆင့်မြင့်လက်နက် စနစ်ကို အသုံးပြုနိုင်သော ရေတပ်များအနက် တစ်ခုဖြစ်လာပြီဖြစ်ကြောင်း ပြောကြားထားသည်။
Apr 25 • 9:22 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 20 | 0 | 0 | 0 |


