ထိုင်းနိုင်ငံ၊ ဆာမွတ်ပရာခန်ပြည်နယ်အတွင်း မော်တော်ကားလမ်းတစ်ခုပေါ်မှာ အရေးပေါ်ရပ်နားယာဉ်ကြောတစ်ခုမှာ ခဏရပ်နေတဲ့ SUV ကားတစ်စီးရဲ့နောက်ပိုင်းကို နောက်တွဲယာဉ်ထရပ်ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် ကားပေါ်လိုက်ပါလာသူတွေအနက် ရှစ်ဦးသေဆုံးခဲ့ရတဲ့ ယာဉ်မတော်တဆမှုတစ်ခု ဧပြီလ ၂၄ ရက်ညပိုင်းက ဖြစ်ခဲ့ရပါတယ်။ SUV ချက်ဗလက်ကားဟာ ထရပ်ကားက နောက်ဘက်မှဝင်တိုက်မိခဲ့တဲ့အရှိန်ကြောင့် ရပ်ထားတဲ့ တခြားထရပ်ကားတစ်စီးကိုပါ ဆက်လက်တိုက်မိကာ ထရပ်ကားနှစ်စီးနဲ့ ရှေ့နောက်တိုက်မိမှု ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံတွင် ထရပ်ကားနှစ်စီးနှင့် ရှေ့နောက်တိုက်မိရာမှ SUV ကားပေါ်ပါသူ မိသားစုဝင်ရှစ်ဦး အသက်ဆုံးရှုံး
Apr 25 • 9:24 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 14 | 0 | 0 | 0 |


