ဧပြီ ၂၅ သတင်းအရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းတည့် (၁၂)နာရီခွဲက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် နန်းကုန်းကျေးရွာအုပ်စု၊ မွေးမြူရေးဇုန်နှင့် ဆိုလာလျှပ်စစ်စီမံကိန်း ဆောင်ရွက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် နန်းကုန်းကျေးရွာအုပ်စုတွင် မွေးမြူရေးဇုန်နှင့် ဆိုလာလျှပ်စစ်စီမံကိန်း ဆောင်ရွက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Apr 25 • 9:22 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 17 | 0 | 0 | 0 |


