back

ဘာစီလိုနာတိုက်စစ်ကစားသမားရာဖင်ညာအား ခေါ်ယူရန် အယ်လ်ဟီလာအသင်း စီစဉ်

Apr 25 • 9:21 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘာစီလိုနာတိုက်စစ်ကစားသမားရာဖင်ညာအား ခေါ်ယူရန် အယ်လ်ဟီလာအသင်း စီစဉ်

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာအား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ အယ်လ်ဟီလာသည် ကြယ်ပွင့်ကစားသမား နေမာအား လက်လွှတ်ခဲ့ရပြီးနောက် ...

ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ညာအား ခေါ်ယူရန် စီစဉ်နေကြောင်း သိရသည်။ အယ်လ်ဟီလာသည် ကြယ်ပွင့်ကစားသမား နေမာအား လက်လွှတ်ခဲ့ရပြီးနောက် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာနှင့် ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်တို့ကို ခေါ်ယူရန်ကြိုးပမ်းခဲ့သည်။ သို့သော် ဆာလာမှာ လီဗာပူးလ်နှင့် (၂)နှစ်သက်တမ်းတိုးခဲ့သလို ဗင်နီစီယပ်စ်မှာလည်း ရီးယဲလ်နှင့်စာချုပ်သက်တမ်းတိုးရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ ယင်းအနေအထားတွင် အယ်လ်ဟီလာအနေဖြင့် ဘာစီလိုနာအတွက် ခြေစွမ်းပြနေသည့် ရာဖင်ညာ (၂၈ နှစ်)အား ခေါ်ယူရန်စီစဉ်လာခြင်းဖြစ်သည်။ အယ်လ်ဟီလာအသင်းသည် ရာဖင်ညာအတွက် တစ်နှစ်လစာ ယူရိုသန်း (၅၀)၊ (၄)နှစ်စာချုပ်အတွက် ယူရိုသန်း (၂၀၀)နှင့် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) ပေးချေရန် အသင့်ရှိနေကြောင်း စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့သည်။

news-view-count-icon

22