ဧပြီ ၂၅ ရက်သတင်းအရ မန္တလေးငလျင်ဒဏ်ကြီးကြောင့် ငလျင်ဒဏ်သင့်ပျက်စီးဆုံးရှုံးခဲ့သည့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ဘုရားစေတီများ၊ ဘာသာရေးအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးအဆောက်အဦများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့သောသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့နံနက် (၉)နာရီက ပင်းတယမြို့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။



