လက်စတာအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ တန်းဆင်းခဲ့ရပြီးနောက် နည်းပြနစ္စတယ်ရွိုင်းက အသင်းရဲ့ နည်းပြအဖြစ် ဆက်ပြီး တာဝန်ယူ ရမလားဆိုတာကို သိရှိနိုင်ဖို့ စောင့်ဆိုင်းနေရဆဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ နစ္စတယ်ရွိုင်းက “ကျနော်ဟာ အသင်းပိုင်ရှင်တွေ၊ ဘုတ်အဖွဲ့တွေကို ကလပ်အသင်းအနေနဲ့ ဘယ်လိုရှေ့ဆက်သွား မလဲဆိုတာကို ပြောပြခဲ့ပါတယ်။ အသင်းကို ပြန်ခေါ်ဆောင်လာနိုင်မယ့် ကျနော့်ရဲ့ အစီအစဉ်ကို ကျနော်သိပေမယ့် ညှိနှိုင်းမှုကို စောင့်ဆိုင်းနေပါတယ်။ အမြန်ဆုံးလုပ်နိုင်လေ ကလပ်အတွက် ပိုကောင်းလေပါ”လို့ ပြောခဲ့တာပါ။


