ဧပြီ ၂၅ သတင်းအရဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များသည် ယမန်နေ့နံနက်ပိုင်းတွင် ပုသိမ်မြို့နယ်၊ မဒေါ့ကုန်းကျေးရွာတွင် ပြုလုပ်သော ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိူးစေ့ပေးအပ်ခြင်းနှင့် ကြဲပက်စိုက်ပျိူးခြင်းအခမ်းအနား တက်ရောက်ခဲ့သည်။



