တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မှသာ ဈေးနှုန်းတည်ငြိမ်မှုရှိမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြားသည်။ ဧပြီ ၂၄ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ရွှေတောင်ဘိလပ်မြေကုမ္ပဏီလီမိတက်၏ အပါချီဘိလပ်မြေစက်ရုံ (ပြည်ညောင်) အစည်းအဝေးခန်းမ၌ စက်ရုံမှတာဝန်ရှိသူများနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများ စက်စွမ်းအားပြည့်လည်ပတ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မှသာ ဈေးနှုန်းတည်ငြိမ်မှုရှိမည်ဟု စက်မှုဝန်ကြီးပြော
Apr 25 • 8:55 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 28 | 0 | 0 | 0 |


