ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်
အင်းလေးဒေသတွင်ပြင်းထန်သည့် ငလျင်ကြောင့် မြေထုရှိမြေသားတက်လာပြီး ရေခန်းသည့်အပြင် ယခုလ နွေရာသီ ပူပြင်းသဖြင့် ရေခန်းခြောက်၍ ကျေးရွာတချို့ သွားလာရေး ခက်ခဲနေကာအင်းလေးဒေသတွင် ကြီးမားသည့် ငလျင်ဒဏ်ကို ခံခဲ့ပြီး နွေရာသီ ရေခန်းခြောက်မှုကြောင့် ကမ်းစပ်ရှိကျေးရွာ တချို့ ပြန်လည်ထူထောင်ရေး သွားလာရခက်ခဲနေကြောင်း ဒေသခံတစ်ဦးမှပြောပါတယ်။စက်လှေဖြင့် သွားရခက်ခဲသည့် ကမ်းစပ်ကျေးရွာတွင် အင်းလေးဒေသ အရှေ့ဘက်ခြမ်းရှိ သလဲဦး ၊ ပေပင်အင်း နှင့်အနောက်ခြမ်းရှိ ကြေးစားကုန်း၊ လင်းကင်း စသည့်ရွာများသည် ကုန်းလမ်းကနေ သွားလို့ ရသော်လည်း တချို့နေရာများက ကုန်းမကျ ရေမကျ နေရာဖြစ်၍ သွားရခက်ခဲကြောင်းသိရပါတယ်။ သောက်ရေသန့်အတွက် အလှူရှင်များလှူဒါန်းထားသည် သောက်ရေသန့်စက် အသုံးပြုနေရပြီး၊ ရေများခန်းခြောက်နှောက်သွားသဖြင့် သုံးရေအတွက် အခက်အခဲရှိနေပါတယ်။


