ယူကရိန်းအရေးနှင့်ပတ်သက်သည့် ဆွေးနွေးညှိနှိုင်းမှုများအတွက် လာမည့်ရက်အနည်းငယ်သည် အလွန်အရေးကြီးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသည်။ "ကျွန်တော်တို့ဟာ စစ်ပွဲကိုအဆုံးသတ်လိုပါတယ်။ ကျွန်တော်တို့ဟာ အဲဒါကိုမြန်မြန်ဆန်ဆန် အဆုံးသတ်လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ တိုးတက်မှုများစွာရရှိထားပြီလို့လဲ ယုံကြည်ပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း ဘာဖြစ်မယ်ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပြီး အဲဒါကလဲ အင်မတန် အရေးကြီးမှာဖြစ်တယ်။ အစည်းအဝေးတွေကို လက်ရှိအချိန်မှာကိုပဲ လုပ်နေကြပါတယ်" ဟု ထရမ့်က သူ၏ရုံးခန်းတွင် နော်ဝေဝန်ကြီးချုပ် Jonas Gahr Store နှင့်တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြားခဲ့သည်။
Apr 25 • 8:29 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


