မြန်မာ့လက်ဝှေ့ကော်မရှင် (MBC)၏ဆောင်ရွက်မှုဖြင့် ကမ္ဘာ့ဘောက်ဆင်ကောင်စီ (WBC)နှင့် အာရှပစိဖိတ်ဘောက်ဆင်အဖွဲ့ချုပ် (OPBF)တို့မှ ပေးအပ်မည့် ချန်ပီယံခါးပတ်များတွင် မြန်မာနိုင်ငံအလံပါဝင်လာပြီလို့ အဆိုပါ အဖွဲ့များမှ သိရပါတယ်။MBC ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် အဖွဲ့ဝင် ၁၆၁ နိုင်ငံရှိသော WBC နှင် WBC လက်အောက်ခံ OPBF တို့ကအဖွဲ့ဝင်နိုင်ငံအဖြစ် တရားဝင်လက်ခံလိုက်သည့်အတွက် အဆိုပါအဖွဲ့အစည်းများမှ ပေးအပ်မည့် ချန်ပီယံခါးပတ်များတွင် မြန်မာနိုင်ငံအလံကိုထည့်သွင်းပေးခြင်းဖြစ်ကာကမ္ဘာပေါ်တွင် ဆုကြေးစားပရော်ဖက်ရှင်နယ် ဘောက်ဆင်အဖွဲ့အစည်းကြီး ၄ ခုရှိနေရာအဆိုပါ အဖွဲ့ ၄ ခုဖြင့် ချိတ်ဆက်ထားသည့်အတွက် WBC အဖွဲ့ဝင်ဖြစ်လာသော မြန်မာဘောက်ဆင်ကော်မရှင် ကို အဖွဲ့အစည်းကြီး ၄ ခုစလုံးကအသိအမှတ်ပြုလက်ခံလိုက်ခြင်းဖြစ်ပြီး ကျန်အခြားအဖွဲ့များ၏ ခါးပတ်များတွင်လည်း မြန်မာအလံကိုထည့်သွင်းဖော်ပြမယ်လို့လည်း သိရပါတယ်။
ကမ္ဘာ့ဘောက်ဆင်ကောင်စီနှင့် အာရှပစိဖိတ်ဘောက်ဆင်အဖွဲ့ချုပ်များရဲ့ ချန်ပီယံခါးပတ်များတွင် မြန်မာအလံပါဝင်လာ
Apr 25 • 2:37 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


