back

ဟောလိဝုဒ် အော်စကာ အကယ်ဒမီသည် မဲပေးသူများ မဲမပေးရမီ အော်စကာ ဆန်ခါတင် စာရင်းဝင် ဇာတ်ကားတိုင်းကို ကြည့်ရှုပြီးမှ မဲပေးရမည့်စည်းကမ်းကိုထုတ်ပြန်

Apr 25 • 2:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဟောလိဝုဒ် အော်စကာ အကယ်ဒမီသည် မဲပေးသူများ မဲမပေးရမီ အော်စကာ ဆန်ခါတင် စာရင်းဝင် ဇာတ်ကားတိုင်းကို ကြည့်ရှုပြီးမှ မဲပေးရမည့်စည်းကမ်းကိုထုတ်ပြန်

ဟောလိဝုဒ် အော်စကာ အကယ်ဒမီသည် မဲပေးသူများ မဲမပေးရမီ အော်စကာ ဆန်ခါတင် စာရင်းဝင် ဇာတ်ကားတိုင်းကို ကြည့်ရှုပြီးမှ မဲပေးသည်ဟု ယူဆပြီး မဲပေးစေခဲ့သည်။ယခုအခါ ရုပ်ရှင်အန...

ဟောလိဝုဒ် အော်စကာ အကယ်ဒမီသည် မဲပေးသူများ မဲမပေးရမီ အော်စကာ ဆန်ခါတင် စာရင်းဝင် ဇာတ်ကားတိုင်းကို ကြည့်ရှုပြီးမှ မဲပေးသည်ဟု ယူဆပြီး မဲပေးစေခဲ့သည်။

ယခုအခါ ရုပ်ရှင်အနုပညာနှင့်သိပ္ပံအကယ်ဒမီ Academy of Motion Picture Arts and Sciences မှ စည်းကမ်းအသစ် ထုတ်ပြန်လိုက်သည်။ အော်စကာမဲဆန္ဒရှင်များသည် မဲမပေးခင်မှာ အမျိုးအစားတစ်ခုစီရှိ ဆန်ခါတင် စာရင်းဝင် ရုပ်ရှင်အားလုံးကို ကြည့်ရှုထားကြောင်း သက်‌သေပြရန် လိုအပ်မည်ဖြစ်သည်။ စည်းကမ်းအသစ်ကို နောက်နှစ် ၂၀၂၆ မတ်လတွင် ကျင်းပမည့် အော်စကာဆုပေးပွဲတွင် စတင်ကျင့်သုံးမည်။ စည်းကမ်းအသစ်သည် မဲပေးသူများက အချို့သော ဇာတ်ကားများကို မကြည့်တော့ဘဲ မဲပေးနေကြခြင်းကို ကိုင်တွယ်ပေးခြင်း ဖြစ်သည်။ လတ်တလောနှစ်များတွင် ဆန်ခါတင်စာရင်းဝင် ဇာတ်ကားအရေအတွက် ပိုများလာသဖြင့် စာရင်းဝင် ဇာတ်ကားအားလုံးကို အချိန်ပေးပြီး မကြည့်ဖြစ်ကြောင်း မဲပေးသူအချို့က ဝန်ခံပြောကြားခဲ့ကြသည်။


news-view-count-icon

33