လောင်းကစားအပန်းဖြေစခန်းများကို ဂျပန်နိုင်ငံတွင် ပထမဆုံးအဆိုပြုခဲ့ပြီးနောက် ၂၅ နှစ်အကြာ ၂၀၂၅ ဧပြီ ၂၄ရက်တွင် လောင်းကစားအပန်းဖြေစခန်း စီမံကိန်း စတင်ခြင်းအခမ်းအနားကို ကျင်းပခဲ့သည်။ MGM Resorts International နှင့် ပြည်တွင်းငွေကြေးလုပ်ငန်းစု Orix Corp တို့၏ ဖက်စပ်လုပ်ငန်းသည် ယန်း ၁.၂၇ ထရီလီယံ (ဒေါ်လာ ၉ ဘီလီယံ) စီမံကိန်းကို ၂၀၃၀ ခုနှစ်တွင် ပြီးစီးဖွင့်လှစ်ရန် ရည်မှန်းထားသည်။ စီမံကိန်းကြီးကို အိုဆာကာပင်လယ်အော်ရှိ လူဖန်တီးထားသော ကျွန်းအတု Yumeshima ပေါ်တွင် အကောင်အထည်ဖော်မည်။ စီမံကိန်းကြီးတွင် ဟိုတယ် ၃ ခု၊ စားသောက်ဆိုင်နှင့် ဈေးဝယ်စင်တာ၊ ဖျော်ဖြေပွဲရုံ စသည်တို့လည်း ပါဝင်သည်။ အာရှ၏ အကြီးမားဆုံး ကာစီနို ဖြစ်လာမည်။ တစ်နှစ်လျှင် ဝင်ငွေ အမေရိကန်ဒေါ်လာ ၅.၉ ဘီလီယံ ရရှိရန် မျှော်မှန်းထားသည်။ ဂျပန်နိုင်ငံသည် အမေရိကန်နှင့် မာကာအိုပြီးလျှင် တတိယအကြီးမားဆုံး ကာစီနိုဈေးကွက် ဖြစ်လာမည်။
လောင်းကစားအပန်းဖြေစခန်းများကို ဂျပန်နိုင်ငံတွင် ပထမဆုံးအဆိုပြုခဲ့ပြီးနောက် ၂၅ နှစ်အကြာတွင် လောင်းကစားအပန်းဖြေစခန်း စီမံကိန်းပြန်လည် စတင်
Apr 25 • 2:30 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 38 | 0 | 0 | 0 |


