ရန်ကုန်မြို့ရပ်ကွက်ဈေးများတွင် မန်ကျည်းရွက်၊ ဒညင်းသီး၊ တရုတ်ကန်စွန်း၊ ခရမ်းချဉ်သီးနှင့် ဂေါ်ဖီတို့အပါအဝင် ဟင်းသီးဟင်းရွက်များကို ပုံမှန်ဈေးနှုန်းဖြင့် ရောင်းချနေကြောင်း တွေ့ရသည်။ ဥပမာတချို့အနေဖြင့် မန်ကျည်းရွက်တစ်ပုံ ၁၀၀၀ ကျပ်၊ ခရမ်းချဉ်သီးတစ်ဆယ်သား ၄၀၀ ကျပ်၊ ဘူးသီးအသေးတစ်လုံး ၁၅၀၀ ကျပ်၊ မုန်လာဥနီတစ်ဆယ်သား ၁၀၀၀ ကျပ်ဈေးဖြင့် ရောင်းချနေကြပြီး၊ ယခုအချိန်အတွက် ဈေးနှုန်းများမှာ တည်ရှိနေသည့်အခြေအနေရှိကြောင်း သိရှိရသည်။



