မြန်မာနိုင်ငံထွက် လက်ဆက်သရက်သီးနှင့် သရက်ခြောက်များကို ရုရှားစီးပွားရေးလုပ်ငန်းရှင်များ ဝယ်ယူလိုကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ကထုတ်ပြန်သည်။ ရုရှား–မြန်မာ စီးပွားရေးကောင်စီအဖွဲ့ဝင်များက ယခုနှစ်မှစတင်၍ တိုက်ရိုက်ဝယ်ယူနိုင်ရေးအတွက် သရက်သီးရောင်းချသူများနှင့် ဆက်သွယ်ရန် အသင့်ဖြစ်နေကြောင်း ဆိုထားသည်။



