Toyota Motor သည် ဧပြီလအစောပိုင်းတွင် စတင်အသက်ဝင်မည့် အမေရိကန်သွင်းကုန်ခွန်များ မတိုင်မီ မြောက်အမေရိက ဈေးကွက်တွင် ၎င်း၏ ကားများကို ဝယ်ယူမှုများ မြင့်တက်လာမှုကြောင့် မတ်လတွင် ပြည်ပရောင်းအား စံချိန်တင်မြင့်တက်ခဲ့ကြောင်း ကြာသပတေးနေ့ (ဧပြီ ၂၄)တွင် ပြောကြားသည်။ အကောက်ခွန် ၂၅% ပြဋ္ဌာန်းပြီးလျှင် ကားရောင်းဈေးများ ဈေးတက်လိမ့်မည်ဟု ယူဆကြသဖြင့် ဈေးမတက်ခင် ဆောလျင်စွာ ဝယ်ယူကြသည်။ မတ်လတွင် ပြည်ပမှာ ကားအစီးရေ ၈၁၄,၁၀၅ စီး ရောင်းချခဲ့သည်။ ယမန်နှစ် မတ်လထက် ၆.၇% ပိုများခဲ့သည်။ မြောက်အမေရိကဈေးကွက်တွင် ၆.၈% ပိုများခဲ့သည်။ ကမ္ဘာတလွှား ထုတ်လုပ်မှုတွင်လည်း ယမန်နှစ်ထက် ၉.၁% ပိုများခဲ့သည်။ လစဉ်ထုတ်လုပ်မှု ပိုများသည်မှာ မတ်လတွင် ၃ လဆက်တိုက်ရှိသွားပြီ ဖြစ်သည်။ ၈၈၀,၇၄၆ စီး ထုတ်လုပ်ခဲ့သည်။



