မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကိုဧပြီလ(၂၄)ရက်နေ့တွင် အသင်းရန်ကုန်ရုံးခွဲ၌ ပြုလုပ်လျက်ရှိရာ အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်တင်တင်လေး၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနှင့် မိတ်ဖက်ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဒေသများတွင် လတ်တလော ဆောင်ရွက်နေမှုများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြပြီးအဆိုပါ အစည်းအဝေးကိုဧပြီလ(၂၄)ရက်နှင့် (၂၅)ရက်နေ့တို့တွင် ပြုလုပ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ငလျင်တုံ့ပြန်ဆောင်ရွက်မှုလုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးပြုလုပ်
Apr 25 • 1:51 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


