ဧပြီလ (၂၄) ရက်နေ့က အသင်းရန်ကုန်ရုံးခွဲတွင်
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် -Seva organise by SSSGAM Sai Jyothi Alma Penang Malaysia မှ 3,335,800 ကျပ် တန်ဖိုးရှိ Power Station with Solar Panel 500W 512 Wh - 1 Set ၊ Solar light JD-T100W - 10 Pcs ၊ Solar Rechargeable Emergency Bulb - 30 Pcs ၊ Rechargeable Solar Fan - 4 Pcs ၊ Rechargeable Mini fan - 6 Pcs ၊ မွန်ပြည်နယ် ရေးမြို့နယ် အစင်စံပြကျေးရွာ ကြက်ခြေနီအသင်းခွဲငယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ နှင့် ကျေးရွာ လူငယ်အဖွဲ့ မှ 2,720,000 ကျပ်တို့ကို လာရောက်လှူဒါန်းခဲ့ရာ အသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်တင်တင်လေး၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများက လက်ခံခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။


