back

မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် သတိထားစောင့်ကြည့်ရန်လိုအပ်

Apr 25 • 1:01 AM

breaking-news

မြန်မာ

ကချင်

cover

မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေ မြင့်တက်လာသဖြင့် သတိထားစောင့်ကြည့်ရန်လိုအပ်

မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေသည် ဧပြီ ၂၃ ရက်ညမှစ၍ တဖြည်းဖြည်းမြင့်တက်လာပြီး ယနေ့ မနက် ၆ နာရီအချိန်အထိ ၁၂ ပေနီးပါး ရောက်ရှိထားသည်။ မိုးများမှုကြောင့်ဖြစ်ပြီး သက...

မြစ်ကြီးနားမြို့၌ ဧရာဝတီမြစ်ရေသည် ဧပြီ ၂၃ ရက်ညမှစ၍ တဖြည်းဖြည်းမြင့်တက်လာပြီး ယနေ့ မနက် ၆ နာရီအချိန်အထိ ၁၂ ပေနီးပါး ရောက်ရှိထားသည်။ မိုးများမှုကြောင့်ဖြစ်ပြီး သက်တမ်းရှည်ရေကြီးမှုမဟုတ်သော်လည်း သတိနဲ့ စောင့်ကြည့်ဖို့လိုအပ်ကြောင်း မိုးလေဝသဝန်ထမ်းများက ပြောကြားထားသည်။ ဒေသခံများကလည်း မနှစ်ကလိုရေကြီးမှုများ မဖြစ်ပါစေဟု စိုးရိမ်နေကြပြီး သဘာဝဘေးအန္တရာယ်အတွက် ကိုယ်တိုင်ကာကွယ်ရမည့်အခြေအနေမျိုး ဖြစ်နေကြောင်း ပြောကြားကြသည်။


news-view-count-icon

15