ဧပြီ ၂၅ ရက်နေ့ မိုးလေဝသခန့်မှန်းချက်အရ တနင်္သာရီ၊ ကချင်၊ စစ်ကိုင်းအထက်ပိုင်း၊ ကရင်နှင့် မွန်ပြည်နယ်များတွင် မိုးရွာနိုင်မှု ရာခိုင်နှုန်း ၈၀ ရှိပြီး ကျန်ဒေသများတွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာ့ပင်လယ်ပြင်တလျှောက် လှိုင်းအမြင့် ၄ ပေမှ ၇ ပေအထိ ရှိနိုင်ပြီး နောက် ၂ ရက်အတွင်းလည်း မိုးရွာနိုင်သည့် ဒေသများတွင် မိုးထစ်ချုန်းအဖြစ် ဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းထားသည်။



