ဧပြီလ၂၃ရက် ည၁၁နာရီကျော်အချိန်က
ရန်ကုန်တိုင်း ၊တွံတေးမြို့နယ် ဘုရားကြီးကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဖိုးဆေး မှာ ဓါးခုတ်ခံရပြီးသေဆုံးသွားခဲ့ရပါတယ်။ဘုရားကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသက်၅၀အရွယ် ဖိုးဆေးမှာ ဘုရားကြီးကျေးရွာ မြောက်ပိုင်း နေ ဒေါ်ငွေရီ နာရေးအိမ်မှ တစ်ဦးတည်းပြန်လာစဉ် ဘုရားကြီးရွာ ဈေးမုဒ်ဦးမှ ပတ္တမြားရပ်ကွက် အဝင် တွင် အသတ်ခံခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဖိုးဆေး မှာ မျက်နှာတွင် ပြတ်ရှဒဏ်ရာ(၅)ချက် ဘယ်ဘက်လက်ကောက် ဝတ်ပြတ်ထွက် ခြေဖဝါး ပြတ်ရှဒဏ်ရာ(၁)ချက်၊ ပေါင်ပြတ်ရှဒဏ်ရာ(၁)ချက်၊ တင်ပါးပြတ်ရှ ဒဏ်ရာ (၁)ချက်တို့ ရရှိခဲ့ပြီး နေရာတွင်လဲကျသေဆုံး ခဲ့ခြင်းဖြစ်ကာအုပ်ချုပ်ရေးမှုးကို ဓါးဖြင့်ခုတ်သတ်သူမှာ အသက်၃၀အရွယ် ရန်နိုင်ထွန်း ပတ္တမြားရပ်ကွက် ဘုရား ကြီးရွာနေသူဖြစ်ပြီး ထွက်ပြေးတိမ်းရှောင် လွတ်မြောက်နေကာ တွံတေးမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။


