back

အသင်းပြောင်းရွှေ့လိုသည်ဟု စပါးနောက်ခံလူ ရိုမဲရိုး ဝန်ခံ

Apr 24 • 4:51 PM

breaking-news

မြန်မာ

ပြည်ပ

cover

အသင်းပြောင်းရွှေ့လိုသည်ဟု စပါးနောက်ခံလူ ရိုမဲရိုး ဝန်ခံ

စပါးနောက်ခံကစားသမား ရိုမဲရိုးက ကစားသမားဘဝတိုးတက်ရန်အတွက် အသင်းပြောင်းရွှေ့လိုကြောင်း ဝန်ခံပြောကြားခဲ့သည်။ ရိုမဲရိုး(၂၆နှစ်) သည် စပါးနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်...

စပါးနောက်ခံကစားသမား ရိုမဲရိုးက ကစားသမားဘဝတိုးတက်ရန်အတွက် အသင်းပြောင်းရွှေ့လိုကြောင်း ဝန်ခံပြောကြားခဲ့သည်။ ရိုမဲရိုး(၂၆နှစ်) သည် စပါးနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသော်လည်း အသင်း၏စီမံကိန်းများကိုစိတ်ပျက်နေပြီး လာမည့်နွေတွင် အသင်းမှထွက်ခွာရန် စီစဉ်နေခြင်းဖြစ်သည်။ လက်ရှိတွင် ၎င်းကိုခေါ်ယူရန် စပိန်ထိပ်သီး အက်သလက်တီကိုအသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။ စပါးအသင်းသည် ရိုမဲရိုးအတွက် ပြောင်းရွှေ့ကြေးကို ယူရို(၇၅)သန်းဝန်းကျင် လိုလားနေကြောင်း သိရသည်။



news-view-count-icon

16