ရီးယဲလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် အသင်းနှင့်စာချုပ်သက်တမ်းတိုးရန်ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ရီးယဲလ်အသင်းအနေဖြင့် ယခုရာသီကုန်တွင် တရားဝင်ကြေညာသွားမည်ဖြစ်ကြောင်း Cadena SER က ဖော်ပြခဲ့သည်။ ဆော်ဒီပရိုလိဂ်သည် အသက် (၂၄)နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်အား ခေါ်ယူရန် ပြီးခဲ့သည့်နွေရာသီကတည်းက စိတ်ဝင်စားခဲ့ပြီး (၅)နှစ်စာချုပ်အတွက် ယူရို (၁) ဘီလီယံတန် ကမ်းလှမ်းမှု ပြုလုပ်ရန် အသင့်ရှိနေကြောင်း သိရှိရသည်။ ၎င်း၏စာချုပ်မှာ ၂၀၂၉ ခုနှစ် သို့မဟုတ် ၂၀၃၀ ပြည့်နှစ်အထိ ရှိမည်ဖြစ်ကြောင်း သိရသည်။



