အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီက မန်စီးတီးကို ရှုံးနိမ့်ခဲ့ခြင်းအတွက် စိတ်ပျက်မနေကြရန် အသင်းသားများကို တိုက်တွန်းခဲ့သည်။ အက်စတွန်ဗီလာအသင်းသည် မန်စီးတီးကိုရှုးနိမ့်ခဲ့သဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ခက်ခဲသွားသော်လည်း ဧပြီလ (၂၆)ရက်တွင် ခရစ္စတယ်ပဲလေ့စ်နှင့် FA ဖလားဆီမီးဖိုင်နယ်ပွဲကစားရမည်ဖြစ်သည်။ ထိုကြောင့် အမ်မရီက ''စိတ်ပျက်ရပေမဲ့ စိတ်ကိုပြောင်းလဲဖို့ လိုပါတယ်။ စနေနေ့ကစားရမယ့်ပွဲအတွက် ကျွန်တော်တို့ အာရုံစိုက်ထားရမှာ ဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားရမယ့်ပွဲက စိတ်လှုပ်ရှားစရာကောင်းပြီး အဲဒီပွဲကို ကျွန်တော်တို့ ခံစားရမှာပါ''ဟု ပြောကြားခဲ့သည်။



