back

ဧပြီလ ၂၆ ရက်နေ့ ကစားမည့် စီးရီးအေပွဲစဉ် သုံးပွဲကို ၂၇ ရက်နှင့် ၂၈ ရက်နေ့သို ပြောင်းလဲကစားရန် ဆုံးဖြတ်

Apr 24 • 4:33 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဧပြီလ ၂၆ ရက်နေ့ ကစားမည့် စီးရီးအေပွဲစဉ် သုံးပွဲကို ၂၇ ရက်နှင့် ၂၈ ရက်နေ့သို ပြောင်းလဲကစားရန် ဆုံးဖြတ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ စျာပနကြောင့် ယခုတစ်ပတ် ဧပြီလ ၂၆ ရက် စနေနေ့တွင် ကစားမည့် စီးရီးအေပွဲစဉ် သုံးပွဲကို ဧပြီ ၂၇ ရက် တနင်္ဂနွေနှင့် ၂၈ ရက် တနင်္လာနေ့သို့ ပြ...

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ စျာပနကြောင့် ယခုတစ်ပတ် ဧပြီလ ၂၆ ရက် စနေနေ့တွင် ကစားမည့် စီးရီးအေပွဲစဉ် သုံးပွဲကို ဧပြီ ၂၇ ရက် တနင်္ဂနွေနှင့် ၂၈ ရက် တနင်္လာနေ့သို့ ပြောင်းလဲကစားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ မူလက ဧပြီ ၂၆ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲတွင် ကိုမို-ဂျီနိုအာ၊ ည ၁၀ နာရီခွဲတွင် အင်တာမီလန်-ရိုးမား၊ ဧပြီ ၂၇ ရက် နံနက် ၁ နာရီ ၁၅ မိနစ်တွင် လာဇီယို-ပါးမား စသည့်သုံးပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည်။ သို့သော် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ စျာပနနှင့် တိုက်ဆိုင်နေသောကြောင့် ကိုမို- ဂျီနိုအာပွဲစဉ်ကို မြန်မာစံတော်ချိန် ဧပြီ ၂၇ ရက် ညနေ ၅ နာရီသို့လည်းကောင်း၊ အင်တာမီလန်-ရိုးမားပွဲစဉ်ကို မြန်မာစံတော်ချိန် ဧပြီ ၂၇ ရက် ည ၇ နာရီခွဲသိုလည်းကောင်း၊ လာဇီယို-ပါးမားပွဲစဉ်ကို မြန်မာစံတော်ချိန် ဧပြီ ၂၉ ရက် နံနက် ၁ နာရီ ၁၅ မိနစ်သို့လည်းကောင်း ပြောင်းလဲကစားမည်ဖြစ်သည်။



news-view-count-icon

11