ဂျာမန်ကားလုပ်ငန်း BMW Group ပိုင်ဆိုင်သည့် ဗြိတိန်ကားလုပ်ငန်း Mini သည် ၂၀၃၀ မှစ၍ လျှပ်စစ်ကားစစ်စစ်များသာ ထုတ်လုပ်တော့မည်ဟု ၂၀၂၁ တွင် ကြေညာခဲ့သည်။ ယခုအခါ အင်ဂျင်ကားများကို ဆက်လက် ထုတ်လုပ်သွားရန် ဆုံးဖြတ်လိုက်သည်။ ဓာတ်ဆီအင်ဂျင် ကားမော်ဒယ်အသစ်များ ထုတ်လုပ်ရန် ရင်းနှီးမြှုပ်နှံသွားမည်။ Cooper Convertible အီးဗီမော်ဒယ် ထုတ်လုပ်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီးဓာတ်ဆီအင်ဂျင်ဖြင့် ထုတ်လုပ်မည်ဖြစ်သည်။



