၂၄.၄.၂၀၂၅ ရက်နေ့တွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကွန်ပျူတာတက္ကသိုလ်အတွင်းရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးမှုဖြစ်ပွား၍ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ရှင်းလင်းရေးနှင့် ကူညီရွှေ့ပြောင်းပေးခြင်း လုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။



