အရောင်းပါးသော ကားစျေးကွက်အတွင်း ကားထုတ်ရောင်းလိုသူများသူများသော်လည်း ခေါ်စျေး မြင့်သဖြင့် ကားစျေးကွက်မသွက်ကြောင်း ကားဝယ်ရောင်းများကဆိုပါတယ်။ယခင်က ကားဝယ်ထားပါက အချိန်တစ်ခုအကြာစောင့်ပါက အမြတ်ရနိုင်သည့်အနေအထားမှ ယခုအခါ ကားအသစ်လည်း စျေးကျလာနိုင်သည်အနေအထားရောက်လာသဖြင့် ကားပိုင်ရှင်အချို့မှာ ကားစျေးရပါက ရောင်းထုတ်ရန် လာပြောထားသည်များရှိနေကြောင်း သိရသည်။လက်ရှိတွင် အောက်စျေး ၃၅၀ မှ ၅၀၀ ကျော်ကျော် ကားများသာ အရောင်းအဝယ်ဖြစ်တာရှိပြီး သိန်း တစ်ထောင် အထက်ကားမှာ အရောင်းများပြီး စျေးမေးသာရှိပြီး အရောင်းအဝယ်သိပ်မဖြစ်ကြောင်း သိရသည်။



