ဧပြီလ ၂၁ ရက် ညနေ ၆ နာရီအချိန်က မန္တလေးမြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ စောသာထူး မောင်းနှင်ပြီး စောနိုင် လိုက်ပါလာသည့် MITSUBISHI CANTER အမျိုးအစား မော်တော်ယာဉ်အား မိုးညှင်းမြို့ နယ်၊ နန့်စီးအောင်ကျေးရွာအနီး စစ်ဆေးရေးဆောင်ရွက်နေသည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် ရပ် တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဆီခဲ အလေးချိန် ၄၃.၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၀၉ သိန်း)၊ ဘိန်းစိမ်း အလေးချိန် ၃၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၄၂၀)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား စောသာထူး(၅၂)နှစ် နှင့် စောနိုင်(၄၃)နှစ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။



