back

ရွေ့လျားလာသောလေပွေလှိုင်းများ၏အရှိန်ကြောင့်အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်"

Apr 24 • 4:10 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရွေ့လျားလာသောလေပွေလှိုင်းများ၏အရှိန်ကြောင့်အချိန်အခါမဟုတ် မိုးရွာနိုင်မည့်သတိပေးချက်"

၂၄.၄.၂၀၂၅ယနေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀မိနစ်အချိန် မိတ္ထီလာလေကြောင်းမိုးလေဝသရုံး၏တိုင်းထွာချက်များအရ နေ့အပူချိန်များဆက်တိုက် မြင့်တက်လာမှုကြောင့် အရှေ့ဘက်မ...

၂၄.၄.၂၀၂၅ယနေ့မြန်မာစံတော်ချိန် ညနေ ၆ နာရီ ၃၀မိနစ်အချိန် မိတ္ထီလာလေကြောင်းမိုးလေဝသရုံး၏တိုင်း

ထွာချက်များအရ နေ့အပူချိန်များဆက်တိုက် မြင့်တက်လာမှုကြောင့် အရှေ့ဘက်မှရွေ့လျားလာသော လေပွေ

လှိင်းများ ရွှေ့လျားလာကာလာမည့် ၂၈-၄-၂၀၂၅ ရက်နေ့မှ ၄-၅-၂၀၂၅ ရက်နေ့အတွင်း မြန်မာတစ်ပြည်လုံး

မှာ အချိန်အခါမဟုတ် မိုးများရွာလာနိုင်ပါတယ်။ မိုးရွာသွန်းလာနိုင်သော နေရာဒေသများမှာ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့မှာနေရာစိပ်စိပ် မိုးများရွာသွန်းလာနိုင်ပါတယ်။ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ကရင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲမိုးထစ်ချုန်း ရွာသွန်းနိုင်ပါသည်။ ကြိုတင်ပြင်ဆင်ချိန်များစွာ ရရှိပါတယ်။ စိုက်ပျိုးရေးသမားများအနေနဲ့ သီးနှံပင်များ ပျက်စီးမှုမရှိအောင် ကြိုတင်အစီအမံများ လုပ်ဆောင်ထားကြဖို့နှင့် ကားသမားကြီးများ တောင်ကျရေများလာချိန် လမ်းနှင့်ချောင်းများဖြတ်ကူးခြင်းတို့ကို မလုပ်ကြဖို့နှင့် စီးပွားရေးသမားများနှင့် မိဘပြည်သူများ အဆိုပါရက်များမှာမိုးသည်းထန်စွာ ရွာသွန်းနိုင်တယ်ဆိုတာကိုသိရှိပြီးမိမိတို့ လိုအပ်သလိုအရေးယူဆောင်ရွက်ကြနိုင်ပါရန် ထပ်မံပြီး အကြံပြုတင်ပြလိုက်ကြောင်း သိရပါသည်။



news-view-count-icon

25