တရုတ်နိုင်ငံထုတ် AI ကုမ္ပဏီ DeepSeek ဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေနဲ့ prompts တွေကို ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ လွှဲပြောင်းမှုတွေ ပြုလုပ်ကြောင်း တောင်ကိုရီးယား ဒေတာကာကွယ်ရေး အာဏာပိုင်တွေက ဧပြီ ၂၄ ရက်မှာ ပြောပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုအပေါ် DeepSeek က ချက်ချင်း ပြန်လည်ဖြေရှင်းတာမျိုး မရှိသေးပါဘူး။ ပုဂ္ဂိုလ်ရေးအချက်အလက်ကာကွယ်မှု ကော်မရှင်ရဲ့ ကြေညာချက်မှာ DeepSeek AI ကုမ္ပဏီဟာ တရုတ်နိုင်ငံရှိ ကုမ္ပဏီတွေကို အချက်အလက်တွေ ပေးပို့ရာမှာ ခွင့်ပြုချက်မယူဘူးလို့ ဖော်ပြထားပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ DeepSeek app Download လုပ်တာကို ဖေဖော်ဝါရီလကတည်းက ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ AI prompt တွေကို ဧပြီ ၁၀ ရက်ကစပြီး ပေးပို့မှု ရပ်ဆိုင်းမယ်လို့ DeepSeek က ပြောပါသည်။



