ဝါရင့်တိုက်စစ်မှူး ဗာဒီသည် လာမည့်နွေရာသီတွင် အသင်းနှင့်လမ်းခွဲတော့မည်ဖြစ်ကြောင်း လက်စတာအသင်းက အတည်ပြုကြေညာခဲ့သည်။ အင်္ဂလန်တိုက်စစ်မှူး ဗာဒီ(၃၈ နှစ်)သည် လက်စတာအသင်းနှင့် ၂၀၁၂ ခုနှစ်ကတည်းက လက်တွဲခဲ့သူဖြစ်ပြီး လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိရာတွင် အရေးအပါဆုံးကစားသမားတစ်ဦးအဖြစ် စွမ်းဆောင်ခဲ့သူဖြစ်သည်။ ဗာဒီသည် ပြီးခဲ့သည့်ရာသီက လက်စတာအသင်းနှင့်အတူ လိဂ်ချန်ပီယံရှစ်သို့ လိုက်ပါကစားခဲ့သော်လည်း လာမည့်ရာသီတွင် လိုက်ပါကစားခြင်းမပြုတော့ဘဲ လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



