back

အစ္စရေးအလယ်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်း

Apr 24 • 12:56 PM

breaking-news

မြန်မာ

ပြည်ပ

cover

အစ္စရေးအလယ်ပိုင်းတွင် တောမီးလောင်ကျွမ်းမှုကြောင့် ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်း

အစ္စရေးနိုင်ငံ အလယ်ပိုင်းမှာ တောမီးလောင်ကျွမ်းနေပြီး မီးတောက်တွေဟာ လေပြင်းတွေ၊ မြင့်မားတဲ့ အပူချိန်နဲ့အတူ ဂျေရုဆလင်မြို့ဝန်းကျင်ရှိ တောင်ကုန်းတွေဆီ တိုးဝင်လောင်...

အစ္စရေးနိုင်ငံ အလယ်ပိုင်းမှာ တောမီးလောင်ကျွမ်းနေပြီး မီးတောက်တွေဟာ လေပြင်းတွေ၊ မြင့်မားတဲ့ အပူချိန်နဲ့အတူ ဂျေရုဆလင်မြို့ဝန်းကျင်ရှိ တောင်ကုန်းတွေဆီ တိုးဝင်လောင်ကျွမ်းနေတာကြောင့် ဧပြီ ၂၃ ရက်မှာ အစ္စရေး အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေဟာ တောမီးကို ငြှိမ်းသတ်နေကြပြီး ရပ်ရွာအသိုင်းအဝိုင်း အများအပြားကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းထားရပါတယ်။ အစ္စရေး မီးသတ်လေယာဉ်တွေဟာ မီးမလောင်အောင် သစ်တောဧရိယာတွေပေါ် ရေဖျန်းချပေးခဲ့ပြီး ရဲတပ်ဖွဲ့က အဓိကလမ်းတွေကို ပိတ်ဆိုလိုက်ကာ ယာဉ်မောင်းတွေကို မော်တော်ယာဉ်တွေ ထားခဲ့ဖို့ အမိန့်ပေးခဲ့ပါတယ်။ အခု တောမီးလောင်မှုမှာ သေဆုံး၊ ဒဏ်ရာရသူ တယောက်မှ မရှိကြောင်း သိရသည်။



news-view-count-icon

16