Ai ဖြင့် ပြုလုပ်လို့ရသည့် AI Chibi Figure ဆိုပြီး ကိုယ့်ပုံကို AI နဲ့ ချစ်စရာ အရုပ်သေးသေးလေးလို့ ဖန်တီးနိုင်တဲ့ prompt လေး ရေပန်းစားနေပါတယ်။ Chibi ဆိုတာက ဂျပန်ကလာတဲ့ ကယ်ရီကေးရှားပုံအရုပ်လေးတွေပါ။ AI Chibi Figure က ChatGPT နဲ့ပဲ ထုတ်တာ ဖြစ်ပါတယ်။ အရင်ဆုံး ChatGPT ထဲသွားပြီး resolution ကောင်းတဲ့ ကိုယ်လုံးပြည့်ပုံတစ်ပုံကို upload ပေးလိုက်ပါ။ ပြီးရင် အောက်က prompt လေး ရိုက်လိုက်ပါ။ ChatGPT က Chibi figure လေး generate လုပ်နေပါလိမ့်မယ်။ ပုံထွက်လာပြီးရင်လည်း ကိုယ်ကြိုက်တာလေးတွေ ထပ်ပြင်လို့ ရကြောင်း သိရသည်။



