back

ထိုင်း အစိုးရက E Cigarette သောက်သုံးရင် ပြင်းထန်တဲ့ ဥပဒေနဲ့ အရေးယူမယ်လို့ သတိပေး

Apr 24 • 12:53 PM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်း အစိုးရက E Cigarette သောက်သုံးရင် ပြင်းထန်တဲ့ ဥပဒေနဲ့ အရေးယူမယ်လို့ သတိပေး

ထိုင်း အစိုးရက E Cigarette သောက်သုံးသူတွေကို တရားမဝင် ကုန်ပစ္စည်း ပိုင်ဆိုင်မှုနဲ့ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူက သတိပေးလိုက်ပါတယ်။...

ထိုင်း အစိုးရက E Cigarette သောက်သုံးသူတွေကို တရားမဝင် ကုန်ပစ္စည်း ပိုင်ဆိုင်မှုနဲ့ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူက သတိပေးလိုက်ပါတယ်။ အစိုးရဟာ E Cigarette နဲ့ ဆက်စပ်ပစ္စည်းတွေကို ပြင်းထန်စွာ ဖိနှိပ်နေပြီး တင်သွင်းသူ၊ ရောင်းချသူ သာမကဘဲ သောက်သုံးသူတွေကိုပါ အရေးယူမယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ Anukul Prueksa-anurak က ပြောပါတယ်။ အကောက်ခွန်ဥပဒေအရ ပြစ်မှုကျူးလွန်သူဟာ ထောင် ၅ နှစ်အထိ ကျခံရမှာ ဖြစ်ပြီး မှောင်ခို ပစ္စည်း ဈေးနှုန်းရဲ့ ၄ ဆ ကို ဒဏ်ကြေးပေးဆောင်ရမှာ ဖြစ်ပါတယ်။ 



news-view-count-icon

16