ထိုင်းနိုင်ငံ၊ Ratchaburi ပြည်နယ်မှာ ရှိတဲ့ Nasatta Park မှာ ပြုလုပ်နေတဲ့ NaSatta Light Festival ဟာဆိုရင် နိုဝင်ဘာလ ၂၁ ရက်နေ့ ၂၀၂၄ ကနေ ဧပြီလ ၂၇ရက်နေ့ ၂၀၂၅ ထိ ကျင်းပနေတာ ဖြစ်ပါတယ် ။ ပန်းခြံကြီးတစ်ခုလုံးကို မီးအလှတွေဆင်ထားပြီး ခမ်းခမ်းနားနားပြင်ဆင်ထားတဲ့ ဓါတ်ပုံ ရိုက်စရာနေရာပေါင်း ၂၄ ခုအထိ ပါဝင်တဲ့ ဒီ ပြပွဲနေရာဟာ ဓါတ်ပုံရိုက်ဝါသနာ ပါသူတွေကြားမှာ အရမ်းပဲ နာမည်ကြီးနေပါသည်။ ဒါကြောင့်မို့ ပွဲကျင်းပသူတွေဟာ ပွဲတော်ရက်ကို ဇွန်လ ၃ ရက်နေ့ ၂၀၂၅ အထိ ရက်တိုးချဲ့ပြီးတော့ ကျင်းပပြုလုပ်ပေးသွားမယ်လို့ သိရပါသည်။
ပွဲပြုလုပ်နေသည့်နေရာ - NaSatta Thai Park, Bang Phae, Ratchaburi
ပန်းခြံဖွင့်ရက် - Tuesday–Sunday & public holidays
မီးများစထွန်းချိန် - 6:00 PM to 10:00 PM (လက်မှတ်နောက်ဆုံး ဝယ်ရမယ့်အချိန်ကတော့ 21:30 PM)
စျေးနှုန်း - လူကြီး ၃၀၀ ဘတ် ၊ ကလေး ၂၀၀ ဘတ် ဖြစ်သည်။



