back

ကြက်သွန်နီဈေးနှုန်းများ ဆက်လက်ကျဆင်း

Apr 24 • 12:30 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကြက်သွန်နီဈေးနှုန်းများ ဆက်လက်ကျဆင်း

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်တည်းက ပြည်တွင်းဈေးကွက်ရော ပြည်ပတင်ပို့တဲ့ ဈေးကွက်မှာပါ ကြက်သွန်ဈေးနှုန်းတွေ တရိပ်ရိပ်ကျဆင်းနေတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝ...

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်တည်းက ပြည်တွင်းဈေးကွက်ရော ပြည်ပတင်ပို့တဲ့ ဈေးကွက်မှာပါ ကြက်သွန်ဈေးနှုန်းတွေ တရိပ်ရိပ်ကျဆင်းနေတာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ပခုက္ကူ၊ မြင်းခြံနဲ့ ဆိပ်ဖြူ ဒေသထွက် ကြက်သွန်နီ (လတ်ကြီး) တစ်ပိဿာ ကျပ် ၂,၆၀၀ မှ ၃,၀၀၀၊ ( ရှယ်) တစ်ပိဿာ ကျပ် ၃,၀၀၀ ဈေးပေါက်နေပြီး၊ ဧပြီလကုန်ပိုင်းမှာတော့ ကြက်သွန် ( လတ်ကြီး) တစ်ပိဿာ ၁,၁၅၀ မှ ၁,၃၀၀၊ ( ရှယ်) တစ်ပိဿာ ၁,၂၀၀ မှ ၁,၈၀၀ ဈေးရှိနေပါတယ်။ကြက်သွန်ဈေးကျတဲ့အပြင် ပြည်ပဝယ်လိုအားနည်းပြီး လှောင်လက်ဝယ်သူ မရှိသလောက်ဖြစ်နေတဲ့အတွက် ကုန်သည်တွေမှာ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ဆောင်းကြက်သွန်တွေက ကြက်သွန်မျိုးအပါအဝင် သွင်းအားစု၊ အလုပ်သမားငှားရမ်းခ စရိတ် အားလုံးပေါင်း တစ်ဧက ကျပ်သိန်း ၄၀ လောက်ကုန်ကြတယ်လို့ သိရပါတယ်။



news-view-count-icon

21